Skip to main content

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၉ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှု 30 g. (Broadcasting Governing Body-BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ဗီဒီယိုအစည်းအဝေး စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က လက်ရှိလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Content Provider များအနေဖြင့် အခွန်ငွေများ ပေးသွင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ဆွေးနွေး ဆက်လက်၍ အစည်းအဝေး တက်ရောက် ကြသည့် FM ပုဂံ၊ ပတ္တမြား FM ၊ရွှေ FMI Forever Group Co.,Ltd၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Family Entertainment Groupi ၊Fortune Broadcasting Company Limited ၊ KMA Tele Media Holdings Company Limited ၊My Multi Media Group Company Limited တို့မှ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့် စက်မှုပိုင်းဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုပိုင်း ဆိုင်ရာ အခက်အခဲများကို တင်ပြကြပြီး ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံးနှင့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သူများအသင်းတို့မှ တာဝန်ရှိသူများအပါအဝင် အစည်းအဝေးတက်ရောက်လာကြသူများက ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြကာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ သတင်းစဉ်