Skip to main content

မန္တလေးခရိုင်အတွင်းရှိ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းဝင်ဆရာတော်ကြီးများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မန္တလေး မတ် ၁၉ မန္တလေးခရိုင်အတွင်းရှိနိုင်ငံတော်သံဃာ့အဖွဲ့အစည်းဝင်ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ်ထိုးနှံပေးပြီးသော ဆရာတော် ကြီးများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများက ဆေးထိုး ရန်ကြွရောက် လာသော ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ပြီး ကာကွယ် ဆေးထိုး နှံပေးမှု အားကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် မန္တလေးခရိုင်အတွင်းရှိ နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော် ခုနစ်ပါး၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်ဆရာတော်တစ်ပါး၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ၁၄ ပါး စုစုပေါင်း ဆရာတော် ၂ ပါးအား ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။ ဆက်လက်၍ ပထမ အကြိမ်ထိုးနှံပေးပြီးခဲ့သော ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူသည့် မန္တလေးခရိုင်အတွင်းရှိ ဆရာတော် ၃၇ ပါး၊ သီလရှင်ဆရာကြီးလေးပါး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ဆရာတော် ၁၁ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ကို မတ် ၂၀ ရက်တွင် ဒုတိယ အကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်