Skip to main content

လက်ပံတန်းမြို့နယ်၊ အနောက်စုရပ်ကွက်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် ဒေသန္တရလက်လုပ်မီးခိုးမိုင်းများ ပြုလုပ်နေသူ တစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၁၉ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ အနောက်စု ရပ်ကွက်နေ ချောကိုကိုထွန်း၊ အသက်(၂၆)နှစ်၊ မဝင်းဝင်းမော်၊ အသက်(၃၀)နှစ်တို့သည် ၎င်းတို့ ၏ နေအိမ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်အတွက် ဒေသန္တရလက်လုပ်မီးခိုးမိုင်း များပြုလုပ်လျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၅ ရက် ည ၇ နာရီခန့်တွင် သွားရောက် စစ်ဆေးရှာဖွေခြင်းများပြုလုပ်ရာ မဝင်းဝင်းမော်နှင့်အတူ ယမ်းစိမ်း ၁ ပိဿာ၊ ရောင်စုံဖယောင်း ခဲတံ ၄၈ ချောင်း၊ မီးခိုးမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် မတ်ခွက် ၂ ခွက်၊ ခဲပြားစက္ကူ ၁ လိတ်၊ ၂ ဒသမ ၅ လက်မခန့်ရှိ ဝါးလုံးထိပ်တွင် သံများ ကန့်လန့်ဖြတ်ရိုက်ထားသည့် သံဆူးတုတ် ၁၂ ချောင်း၊ သံတုတ် ၃ ချောင်းနှင့် မီးခိုးမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချောကိုကိုထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိ ရသည်။ အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ မဝင်းဝင်းမော်နှင့် မီးခိုးမိုင်း ပြုလုပ်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများအား လက်ပံတန်းမြို့မရဲစခန်းသို့အပ်နှံပြီး ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော ချောကိုကို ထွန်းအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်း၍ အပူတပြင်းလိုက်လံရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ #တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့