နေပြည်တော် မတ် ၁၉
ကမ္ဘာ့ဘဏ် (World Bank)နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ကဏ္ဍ အလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ချေးငွေနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် World Bank ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများနှင့် အထောက်အပံ့ စီမံကိန်းများ၏ လက်ရှိစီမံကိန်းဆောင်ရွက်မှုအခြေ အနေများ၊ ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီး ( ဌာနများမှ ကိုယ်စားလှယ်များက အသီးသီးတင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးမည့် ကိစ္စရပ်များနှင့်စီမံကိန်း အကောင်အထည်ဖော်လျက် ရှိသည့်ဝန်ကြီးဌာနများမှ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည့်ကိစ္စရပ်များအပေါ်ဆွေးနွေးမှာကြားသည်။
အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှစီမံကိန်းတာဝန်ခံ အရာရှိများ တက်ရောက် ကြသည်။
သတင်းစဉ်