Nov 21, 2020
(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်း အဝေး (38th ASEAN Ministers on Energy Meeting-AMEM) ၏ ဆက်စပ်အစည်းအဝေး အစီအစဉ်များဖြစ်သည့် (၁၇)ကြိမ်မြောက် ASEAN+3 အစည်းအဝေး၊ (၄)ကြိမ် မြောက် ASEAN-IRENA အစည်းအဝေးနှင့် (၁၄)ကြိမ် မြောက် East Asia Summit Energy Ministers Meeting (EAS-EMM) အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီတွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။
Nov 21, 2020
တက္ကသိုလ်၏ အသက်သွေးကြော သည် သုတေသနလုပ်ငန်း ဖြစ်သည်။ သုတေသနလုပ်ငန်းအား ကောင်း သည့် တက္ကသိုလ်သည် နိုင်ငံတကာ တက္ကသိုလ်များအလယ်တွင် ဂုဏ်တင့်တယ်ပြီး တက္ကသိုလ်၏ အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေပါသည်။ ဂုဏ်ဒြပ် မြင့်မားသော တက္ကသိုလ်ဖြစ်ရေးတွင် ပညာသင်ကြားရေးသာမက သုတေသန၊ စာကြည့်တိုက်၊ ပုံနှိပ်ထုတ်ဝေရေးတိ
Nov 21, 2020
ပြည်သူလူထုကို အသိပေးရန်လိုအပ်သည့် အချို့သော သတင်း စကားတို့ကို အကြိမ်နှစ်ရာ သို့မဟုတ် အကြိမ်နှစ်ရာမက ပြောမည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောလေ့ရှိ၏။ လူထုကို စွဲမှတ်သွား စေချင်သည့်၊ ရင်ထဲစွဲကာ နားလည်သွားစေလိုသည့် သတင်းစကား တို့ကို ပြောပြီးဖြစ်သည့်တိုင် အထပ်ထပ်ပြောလိုသည်ဟု ဆိုလိုပါ သည်။ ထိုသတင်းစကားကို လေးနက်စေချင်သည့်သဘော။
Nov 20, 2020
နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ရိက္ခာများ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Nov 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရ သည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၁၇ ၃၀ နာရီ အချိန်တွင် လည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၃၁) ဦးအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာ ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၂၀ ၀၀ နာရီ အချိန်တွင် လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Nov 20, 2020
မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Nov 20, 2020
အမျိုးသားအဆင့် ပဋိဇီဝဆေး ယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ (တတိယ အကြိမ်) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 20, 2020
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစား ပြုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (SEAGF Council Meeting) အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 20, 2020
“(၃၁)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 20, 2020
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Benedikt Hofmann အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 20, 2020
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မော်လမြိုင်ရုံးခွဲ) ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းနားရှိ အဆိုပါရုံးသစ်တွင်ကျင်းပခဲ့သည်။
Nov 20, 2020
နိုင်ငံတကာအဆင့်မီ Bio Safety Level - 2 အဆင့် Public Health Laboratory (Mandalay) အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းအကြားရှိ အဆိုပါဌာန (PHL) ဝန်းအတွင်း ကျင်းပခဲ့သည်။
Nov 20, 2020
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၀)ကို ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20, 2020
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ အသံလမ်းညွှန်စက်အလုံး ၁၀၀ လှူဒါန်းခြင်းကို ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အဆိုပါ ပြတိုက်တွင် ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။
Nov 20, 2020
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် နိုဝင်ဘာလ ၁၉ ရက် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို online ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Nov 20, 2020
“စန်းမောင်မြင့် ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က ကြီးမှူး ပြုလုပ်မည့် (၂၈)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး ဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်)၌ ၂၀၂၀ နိုဝင်ဘာလ (၂၇ /၂၈ / ၃၀) ရက်နေ့များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီထိ COVID-19 စည်းမျဉ်းများနှင့်အညီ စနစ်တကျပြုလုပ်မည်
Nov 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၁၃၈ ဦးအား တိုကျိုမြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၁၃) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 20, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိ သည်။
Nov 20, 2020
Swiss Challenge တင်ဒါကော်မတီသည် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းသစ်၊ ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စား ကြောင်း အဆိုပြုလွှာ (Expression of Interest - EOI) များ ဖိတ်ခေါ်ခဲ့ရာ သတ်မှတ်ရက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်အတွင်း နိုင်ငံပေါင်း ကိုးနိုင်ငံရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က တင်ပြခဲ့ကြကြောင်း သိရသည်။
