“ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, we Prosper)” ဟူသည့် ယခုနှစ်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ဆောင်ပုဒ် အတိုင်း မိမိတို့အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအားလုံး၏ အန္တရာယ်ကို ကြိုတင်မြော်တွေး၍ ဂရုတစိုက် လေ့လာဆန်းစစ် ခြင်း၊ စိန်ခေါ်မှုများကို မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိလာသောရလဒ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မျှဝေခံစားခြင်းတို့ကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း (၁၈)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအပါအဝင်ဖြစ်သည့်အာဆီယံဒေသကြီးသည် အင်အားကြီးနိုင်ငံများ အင်အားပြိုင် ဆိုင်မှု၊ ပထဝီအနေအထားအရ အချက်အချာကျမှုများကြောင့် လက်ရှိ ကာလတွင် သမားရိုးကျ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ သဘာဝဘေးအန္တရာယ်များ၊ ပုံမှန်မဟုတ်သောရွှေ့ပြောင်း အလုပ်သမားများကိစ္စ၊ စားနပ်ရိက္ခာ ရှားပါးမှု၊ လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက် လုံခြုံရေး၊ ပင်လယ်ဓားပြမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုနှင့် ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။
မြန်မာနိုင်ငံအပါအဝင်ဖြစ်သည့်အာဆီယံဒေသကြီးသည်အင်အားကြီးနိုင်ငံများအင်အားပြိုင်ဆိုင်မှု၊ ပထဝီအနေအထားအရ အချက်အချာကျမှုများကြောင့် လက်ရှိ ကာလတွင် သမားရိုးကျ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ သဘာဝဘေးအန္တရာယ်များ၊ ပုံမှန်မဟုတ်သောရွှေ့ပြောင်း အလုပ်သမားများကိစ္စ၊ စားနပ်ရိက္ခာရှားပါးမှု၊ လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုနှင့် ကပ်ရောဂါကူးစက် ပြန့်ပွားမှုကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ ထိုသို့များပြားလှသောစိန်ခေါ်မှုအမျိုးမျိုးတို့ကိုအာဆီယံအဖွဲ့ဝင်နိုင်ငံများသည်ကြိုတင်ပြင်ဆင်၍ အစဉ်အမြဲ ဂရုတစိုက် စီမံဆောင်ရွက်နေသည်။ သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအနက် အကြမ်းဖက်ဝါဒနှင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် အာဆီယံဒေသကြီး တစ်ခုလုံးကို အဓိကကြီးမားစွာ ခြိမ်းခြောက် နေသည့် ကိစ္စရပ်များဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်းခြင်း ထက် နိုင်ငံအများ စည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းခြင်းက ပိုမို ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။ “ ယင်းသို့ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အားနည်းချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည်။ ငွေကြေး ဆိုင်ရာ စီးဆင်းမှုများကို စောင့်ကြည့်ကြပ်မတ်မှုများကို အပြည့်အဝမလုပ်ဆောင် နိုင်သေးပေ။ အကြမ်းဖက်သမားများ၏ အဓိကဝင်ငွေလမ်းကြောင်း ဖြစ်သည့် မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများမှာ အာဆီယံဒေသအတွင်း ကျယ်ပြန့် စွာဖြစ်ပေါ်နေသည်။ အာဆီယံဒေသအတွင်း၌ အခြားသောဒေသများမှ လက်နက် အထောက်အပံ့များကို အများအပြားရရှိနိုင်မှု စသည့်အချက်များသည် အာဆီယံ ဒေသအတွင်း အကြမ်းဖက်ဝါဒများကို ဆန့်ကျင်တွန်းလှန်ရာတွင် ထိရောက် လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဓိက အတားအဆီး ဖြစ်နေသည့်အချက်များ ဖြစ်သည်။
အာဆီယံနိုင်ငံများအနေဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာတို့ကို ဆောင်ရွက်နေစဉ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ဆက်တွဲရိုက်ခတ်မှုများကို လျှော့ချနိုင်ရန်နှင့် တားဆီးကာကွယ်ရေးအတွက် အာဆီယံတစ်နိုင်ငံချင်းအလိုက် ကျင့်သုံးလျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်
ဆောင်ရွက်ရေး၊ လူမှုစီးပွားကဏ္ဍတွင် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်နှင့် ရပိုင်ခွင့်များကို ထိရောက်စွာ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ အဆိုပါ ထိခိုက် ခံစားခဲ့ရသည်ကို ရေရှည်တွင် ပြန်လည်ကုစားကူညီပေးနိုင်ရေးအတွက် အစီအမံ များနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်ထားရန် သက်ဆိုင်ရာနိုင်ငံများက ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့စည်း၍ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ တွင် မြန်မာ့တပ်မတော်အနေဖြင့်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိဖြစ်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံခန့်၏လူမှုဘဝများကို များစွာအပြောင်းအလဲဖြစ်ပေါ်စေခဲ့ ပြီးဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံသားများ၏ လူမှုဘဝနေထိုင်မှု ပုံစံသစ်များအတွက် များစွာထည့်သွင်းစဉ်းစား ဖန်တီးဖော်ဆောင် နေသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်နှင့် ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအောင်မြင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။
သို့ဖြစ်ရာ ယခုနှစ် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၏ဂရုပြုပြင်ဆင်၊အောင်ပွဲဝင် (We Care, We Prepare, We Prosper)"
ဆောင်ပုဒ်ပါအတိုင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအားလုံး၏အန္တရာယ်ကို ကြိုတင်ပြင်ဆင်မြော်တွေး၍ ဂရုတစိုက်လေ့လာ ဆန်းစစ်ကာ မျက်ခြည်မပြတ် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။ ။