နေပြည်တော် မတ် ၁၉
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများကို ညွှန်ကြား ရေးမှူး များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။
ဆောင်ရွက်လျက်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော် က စာရင်းစစ်လုပ်ငန်း သည်ပြည်သူ့ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ ညွှန်ကြားချက် များနှင့်အညီ စနစ်တကျသုံးစွဲနိုင်ပြီး ပြည်သူ့အကျိုး စီးပွားရရှိနိုင်ရန် အဓိကထားပါကြောင်း၊ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စစ်ဆေးခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို လိုက်နာမှု ရှိ/မရှိ၊ ကိုက်ညီမှု စစ်ဆေးခြင်းတို့ကို ယခုအခါ နိုင်ငံတကာစာရင်းစစ် oop:[Goops International Standards of Supreme Audit Institution (ISSAI) a©3228ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့စစ်ဆေးခြင်း များကို စစ်ဆေးခံဌာနအဖွဲ့အစည်းများသိရှိရန် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် စစ်ဆေးရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် Work Plan များ ရေးဆွဲ ချမှတ်၍ စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရုံးတွင်းလူ့စွမ်းအားဖွံ့ဖြိုးမှုအတွက် လိုအပ် သော စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို လည်း စတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ လိုအပ်နေသည့် ဝန်ထမ်းနေရာများကို ဖြည့်ဆည်းပေးရန်အတွက် အမြန်ဆုံး ဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လည်း ကျစ်လျစ်ထိရောက်မှု ရှိစေရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြား ရေးမှူးများက ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ စာရင်းများ စစ်ဆေးရေးလုပ်ငန်း၊ စီမံရေးရာလုပ်ငန်း
ဆောင်ရွက်မှုအခြေအနေများ၊ ရသုံးမှန်းခြေငွေစာရင်း အခြေအနေများ၊ အထွေထွေကိစ္စရပ်များကို တင်ပြ ရာတွင် အထူးကိစ္စအနေဖြင့် CDM ပြုလုပ်နေသည့် ဝန်ထမ်းများ ရုံးပြန်လည်တက်ရောက်လာမှု အခြေအနေကို တင်ပြကြရာ ပြည်ထောင်စု စာရင်းစစ်ချုပ်ဒေါက်တာကံဇော်ကလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

28 Jun, 2025