Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြည်တွင်းမြစ်ကြောင်း အပျော်စီးသင်္ဘာနှင့် ဟိုတယ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၂၀ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ရောက်ရှိပြီး မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် ရန်ကုန်မြစ် အတွင်း ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တိုးပွားအပျော်စီးသင်္ဘာဖြင့် ရန်ကုန် မြစ်ကြောင်းတစ်လျှောက် လိုက်ပါစီးနင်းကာ တာဝန်ရှိသူများကို ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် လာရောက်အပန်းဖြေ စီးနင်းနိုင်ရေးနှင့် စီးနင်းလိုက်ပါမည့် ပြည်သူများ၏ ဘေးအန္တရယ် ကင်းရှင်းရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။ အဆိုပါ အပျော်စီးသင်္ဘာဖြင့် လိုက်ပါစီးနင်းရာတွင် ရန်ကုန်မြစ်အတွင်းရှိ ရှုခင်းအလှအပ မြင်ကွင်းများကြည့်ရှု့နိုင်ခြင်း၊ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်အဆောက်အဦများ၊ ငှက်မျိုး စိတ်များ၊ ဒလသင်္ဘာကျင်း၊ စိတ်ဝင်စားဖွယ်မြင်ကွင်းများကို စိတ်ကြည်နူးစွာ တွေ့ရှိနိုင်မည် ဖြစ်သည်။ ယင်းနောက် ဒေါပုံမြို့နယ်ရှိ Yangon Waterboom သို့ရောက်ရှိပြီး တာဝန်ရှိသူများက ရေကစား ကွင်းနှင့်ပတ်သတ်သည့် QR-Code စနစ်ဖြင့် စာရင်းပေးသွင်းနိုင်ရေး ဆောင်ရွက် ထားရှိမှု ၊ ကစားကွင်းများ၊ စားသောက်ဆိုင်များနှင့် နားနေခန်းများကို ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ပြင်ဆင်ထားရှိမှုနှင့် မကြာမီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အပန်းဖြေလာရောက် သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် ရေသန့်စင်စနစ် ဆောင်ရွက်မှု ကောင်းမွန် စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ကျဝန်ထမ်းများက ကူညီဆောင်ရွက် ပေးရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရေကစားကွင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်ဆွန်ပက်လမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရုံးခွဲရှိ အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များကို လစ်ဟင်းမှု မရှိစေဘဲ နိုင်ငံတော် အစိုး ရနှင့်ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ လိုက်နာလုပ်ဆောင်ရန် အလေးအနက်ထားပြောကြား လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အလျောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ တွင် ပါရှိသည့်အတိုင်း ပါတီနိုင်ငံရေးကင်းရှင်းပြီး ဥပဒေဘောင်အတွင်းနေထိုင်ရန်နှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအားလုံး အထက်၊အောက် နားလည်ယုံကြည်မှု တည်ဆောက်ပြီး အားသွန်ခွန်စိုက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါ ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ကရဝိတ်ခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူက ခန်းမနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြမှုအပေါ် သန့်ရှင်းသာယာ လှပရေးအတွက်လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပြီး ကရဝိတ်ခန်းမအားလှည့်လည် ကြည့်ရှု သည်။ ထို့နောက် ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိသည့် Chatrium Hotel ၊ Sedona Hotel နှင့် Lotte Hotel များသို့သွားရောက်ခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိ သူများက ဟိုတယ်ဆိုင်ရာကိစ္စရပ်များနှင့် ကိုဗစ်-၁၉ နှင့်အညီ ဧည့်သည်များကို ဝန်ဆောင်မှုပေး သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ သတ်မှတ်ချက် များကို အထူးအလေးအနက် ထားလိုက်နာဆောင်ရွက်သွားရန်၊ ခရီးသွား ဧည့်သည်များနှင့် အဓိက ထိတွေ့သည့် ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးနိုင်ရေး အတွက် ဝန်ထမ်း အင်အားစာရင်း ကြိုတင်ပြုစုထားရှိရန်၊ ခရီးသွား လုပ်ငန်းများ စတင်ပြီဖြစ် သည့်အတွက် လာရောက် တည်းခိုသည့် ခရီးသွားဧည့်သည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး ဆိုင်ရာများကို အထူးအလေးထားလိုက်နာနိုင်ရေး အသိပေး ဆောင်ရွက်သွားရန်နှင့် ဟိုတယ်ဝန်ထမ်းများအနေဖြင့်လည်း ခရီးသွားဧည့်သည်များကို ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)