Skip to main content

Sep 30, 2021

မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Standard Operating Procedure SOP လမ်းညွှန်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက သက္ကယ်ချောင်း စံပြကျေးရွာ၌ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင် ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၃၅၆၇၃၀၀) ၊ တန်ချိန်(၅၈၂၉) တန် ရောင်းချခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘ၀မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို လပွတ္တာ မြို့နယ်(၂)မိုင်၊ အောက်ချောင်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ နံနက် (၁၁) အချိန်က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် မြဝတီကုန်သွယ်ရေးစခန်း (၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (အိုးခွံ) အခု (၁၃၄၀)၊ Oxygen Plant (၃)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၉၉)ခု၊ PPE ဝတ်စုံ (၂၀၀၀၀)၊ လက်အိတ် (၀ ဒသမ ၁၇) တန်နှင့် နှာခေါင်းစည်း (Mask) (၁) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့နှင့် အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးမှာ ပြည်မြို့ တို့သို့ဖြစ်ပြီး Oxygen Plant (၃) ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံးပြန်လည်ရောက် ရှိနိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

(၃၁)ကြိမ်မြောက်အာဆီယံလူမှုရေးယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးကိုစက်တင်ဘာ၂၈ရက်နံနက်ပိုင်းတွင်ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့တို့ကနေပြည်တော်ရှိသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနေပြည်တော်မှပါဝင်တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ(၁/၂၀၂၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအနေဖြင့်အာဟာရပြည့်ဝရေးနှင့်အစားအစာဘေးကင်းလုံခြုံရေးကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ပပို့ကုန်များအတွက်ဈေး ကွက်က သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီရေး၊FAO,WHOနှင့်GACCတို့၏(ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်သက်ဆိုင်သည့်ကန့်သတ်ချက်များ၊ပို့ကုန်ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်၏ လုပ်ငန်းခွင် အတွင်း လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များနှင့် အညီ တိကျစွာဆောင်ရွက်ခြင်းဖြင့် မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏အရည်အသွေးကိုအာမခံချက်ကောင်းပေးနိုင်ရေးကြိုးပမ်းကြစေလိုကြောင်းယနေ့ညနေပိုင်းကဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့်ရေထွက်ပစ္စည်းများတင်ပို့ သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကဆွေးနွေးပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဗဟို ကော်မတီအ စည်းအဝေးကို ယနေ့ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၁၄ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း အသီးသီး လက်ခံခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော် ၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာလ ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိငါးလကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်းတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံး က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2021

မျက်မှောက်ခေတ်သည် အိုင်တီခေတ်ဖြစ်သည်။ သတင်းအချက် အလက်နည်းပညာသည် လူတိုင်းရှောင်လွှဲ၍ မရနိုင်အောင် နေ့စဉ်ဘဝများ၌ တစ်သား တည်းဖြစ် နေသောခေတ်ဟု ဆိုရမည်။ ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းစသည့် နည်းပညာများနှင့် နည်းပညာ ဆိုင်ရာပစ္စည်းများကို လူတိုင်း သုံးစွဲနိုင်ရန်မှာ တစ်ခေတ်တစ်ခါက လူတိုင်းစာတတ်မြောက်ရေး ကဲ့သို့ပင် အရေးကြီးလိုအပ်သည်။ လူတိုင်းစာတတ်မြောက်ရေး အရေးကြီးသကဲ့သို့ပင် ဒစ်ဂျစ် တယ် တတ်မြောက်ရန်၊ ကျွမ်းကျင်ရန်လည်း အရေးကြီးသည်။ အိုင်တီ ခေတ်တွင် ဒစ်ဂျစ်တယ် ကက်မြောက်ကျွမ်းကျင်မှသာ အများနှင့် ရင်ပေါင်တန်း၍ ရှင်သန်နိုင်မည်ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2021

၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ကြီးမှူးကျင်းပသည့် အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာဝန်ကြီးများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2021

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း(APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2021

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance & Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ မြန်မာ့နိုင်ငံခြံကုန်သွပ်သက် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေလှောင်တမံအတွင်း ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာ ကနဦးတွင် တီလားပီးယားငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူပြီး နောက်ရရှိလာသော ရလဒ်အပေါ်အခြေခံ၍ ပြည်ပဈေးကွက်ဝင် ကကတစ်ငါးကိုလည်း ဆက်လက်မွေးမြူထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၀ ခုမှ အိမ်သုံးဆေးဝါး ၁၂၇ မျိုးအား ရောင်းချပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်