Skip to main content

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ စည်းဝေး

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့် တင်ရေးလုပ်ငန်းကော်မတီ (/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့် အမှာစကား ပြောကြားရာတွင် ကလေးအလုပ်သမားကိုအဓိပ္ပာယ် ဖွင့်ဆိုရာတွင် ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောမဆောင်သည့်သက် ရောက်မှုရှိစေနိုင်သောအလုပ်၊ ပညာရေးကို အနှောင့်အယှက် ဖြစ်စေသောအလုပ်၊ ကျောင်း တက်ရမည့် အခွင့်အရေးကို ပိတ်ပင်စေသည့်အလုပ်၊ အချိန်မတိုင်မီ မဖြစ်မနေ ကျောင်းထွက်စေသည့်အလုပ်၊ ကျောင်းတက်ခြင်း နှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ရ သောအလုပ်များကို လုပ်ကိုင်နေ ရသောကလေးများကို ဆိုလိုပါကြောင်း။

နုပျိုငယ်ရွယ်စဉ်တွင် ကျောင်းတက်၍ အတတ်ပညာ၊ အသိပညာရှာဖွေမှု မပြုလုပ်နိုင်ဘဲ ကလေး သူငယ်အခွင့်အရေး ဆုံးရှုံးမှုများကို တားဆီးကာကွယ်နိုင်ရန် လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံကိုဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသောကလေးသူငယ်များဖြစ်လာရန် တာဝန်ရှိသူများနှင့် မိဘဆရာသမားများ၊ သက်ဆိုင်သူများက လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း။

ပညာရှာရမည့် အချိန်တွင် အန္တရာယ်ရှိသည့် အလုပ်များ ကို မလုပ်စေရန်၊ စီးပွားရေးအရ အမြတ်ထုတ်မခံရစေရန်၊ အချိန်မတိုင်မီ ကျောင်းထွက်ရခြင်းများ မဖြစ်စေရန် မိမိတို့လုပ်ငန်းကော် မတီအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် ကရင်ပြည်နယ် စသည့်ဒေသများကို ဦးစားပေးစီမံကိန်းနယ်မြေ သတ်မှတ်ထားပြီး ထိုနေရာငါးခုတွင် Complaint Center နှင့် Hot Line များဖွင့်လှစ်၍ ကလေးသူငယ်အလုပ်သမားပပျောက်ရေး၊ အကူအညီပေးရေး၊ အသိပညာပေးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ကိုမရောက်ဘဲ ပညာသင်ကြားနိုင်စေရေး အသိပညာပေးမှုများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးညွန့်ဝင်း နှင့်တက်ရောက်လာကြသူများက ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားကြမည့်  အစီအစဉ်များကို ရှင်းလင်းတင် ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်