ရန်ကုန် စက်တင်ဘာ ၂၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance & Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ မြန်မာ့နိုင်ငံခြံကုန်သွပ်သက် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာ ရေဆန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းချိန်၊ ဒုတိယထန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဒဏ်မှထန်ရှိသူများ၊ အထူးဖိတ်ကြားသော ဧည့်သည်တော်များက နေပြည်တော်မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းချိန်က Vides clip ဖြင့် အဖွင့်အမှာစကား ပြေကြားရာတွင် ပခုအခါတွင် တစ်ကမ္ဘာလုံး၌ နည်းပညာဗဟိုပြုပြီး လုပ်ငန်းဆောင်ရွက်နေကြ သဖြင့် မိမိတို့အနေဖြင့်လည်း IT နည်ပညာကို ထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဒဏ်လုပ်ငန်းနှင့်ငွေကြေးစီးဆင်း ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့နိုင်ငံနှင့် ရင်ပေါင်တန်ထက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမရိုးကျ ဘဏ်လုပ်ငန်းစနစ် နိုင်ငံတကာအဆင့်မီဘဏ်လုပ်ငန်းစနစ်များသို့ ပြေဝင်းနိုင်ရန် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းသင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်များအနေဖြင့် Digital Transtrmation နှင့် Business Process Transformation တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုက်တွန်း ပေါင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ တွန်းအားပေးဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုအဖြစ် မြန်နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် Digital Transformation ၏ အဆင့်တစ်ခုကို အောင်မြင်စွာ ရေရှိ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Banking 4.0 အကောင်အထည်ဖော်ရေး ဆောင်ရွက် ကြသည့်အချိန်တွင် အရေးပါဆုံးအခြေခံစနစ်သည် Core Banking System ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း ဆောင်ရွက်ရာတွင် နည်းပညာကျွမ်းကျင်မှုကို အသုံးပြုပြီး ငွေသားကိုင်ဆောင် အသုံးပြုသည့်စနစ် Cash Based system မှ ကတ်အခြေခံစနစ် Cash Based System မှ ကတ်အခြေခံစနစ် Card Less System စသည်ဖြင့် ငွေကြေးလွှဲပြောင်းမှု ကိစ္စရပ်များအား လုံခြုံလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် Digital Banking System များအား တွင်ကျယ်စွာ
ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် ကမ္ဘာအဆင့်မီ Digital Core Banking တစ်ခုဖြစ်သည့် Intellet Dgital Core 19.1 ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီး ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဆိုပါစနစ်အား အခြေခံပြီး ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးချဲ့ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘဏ်တွင်းစီမံခန့်ခွဲမှုနှင့် Operation Management အတွက် Enterprise Resource Planning (ERP) စနစ်တစ်ခုကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါစနစ်သည် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Office Automation၊ Operation Management နှင့် Risk Management တို့ကို ပိုမိုကောင်းမွန်ရက်က ထင်ရွက် နိုင်စေမည်ဖြစ်ကြောင်း၊ မကြာသည့်အချိန်တွင် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ အချိန်ပြည့် ဝန်ဆောင်မှုပေးနိုင်မည့် Internet Banking ၊ Mobile Banking စနစ်များကိုလည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဟု သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီက နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Digital Transformation Journey Video၊ Core Banking and Trade Finance & Enterprise Resource Planning (ERP) system ၏ လုပ်ငန်းဆောင်ရွက်ပုံကို ဗီဒီယိုဖြင့် ပြသသည်။
ဆောင်ရွက်ပေးလျက်ရှိ
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံပိုင် ဘဏ်တစ်ဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ ဖွဲ့စည်းတည်ထောင်သည့်ဘဏ် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ATM Card Services ဝန်ဆောင်မှု စသောဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုကဲ့သို့ Core Banking System ကို အသုံးပြု နိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းများအားလုံး အချိန်နှင့် တစ်ပြေးညီ Real-Time ဝန်ဆောင်မှုပေးနိုင်ခြင်းကြောင့် Customer များအနေဖြင့် ပိုမိုအဆင်ပြေ မြန်ဆန်သည့် ဘဏ်ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုများအား ယခုထက် ပိုမိုလွယ်ကူလျင်မြန်စွာနှင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ဘဏ်သို့လာရောက်ရန် မလို
မကြာမီအချိန်အတွင်း Internet Banking Mobile Banking ဝန်ဆောင်မှုများကိုလည်း Core Banking System နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး Bill Payment ဝန်ဆောင်မှုများ၊ အခွန်ငွေပေးဆောင်ခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း ရရှိလာမည်ဖြစ်၍ Customer များ အနေဖြင့် ဘဏ်သို့လာရောက်ရန် မလိုအပ်ဘဲ ဘဏ်ဝန်ဆောင်မှုများကို ၂၄ နာရီ အချိန်မရွေး၊ နေရာ မရွေး ရယူနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံပိုင်ဘဏ်တစ်ဘဏ်အနေဖြင့် Core Banking System ကို အောင်မြင်စွာ စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်