Sep 27, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက် လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပြည်သူများ အသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေး အတွက်လည်းကောင်း “ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
Sep 27, 2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ဒုတိယနေ့ ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 27, 2021
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။
Sep 27, 2021
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ငါးဖမ်းကိရိယာ စစ်ဆေးခြင်း၊ ရေတော်ကျေးရွာ၏ အနောက်ဘက်ဆောက်ကြီးအင်း နယ်စပ်သောင်ခုံပေါ်ရှိ ရေလုပ်သားများအား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသည်။
Sep 27, 2021
ကျွဲ၊ နွားအရှင်ကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာ၌ မွေးမြူသောတောင်သူနှင့် ထုတ်လုပ်သူတို့ အကျိုးအမြတ်ရရှိကြပြီး ထိုသို့ အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်နှင့်အရေအသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် တင်ပို့နိုင်ပါက နိုင်ငံတော်နှင့်တောင်သူ၊ ထုတ်လုပ်သူတို့ ပိုမိုအကျိုးရရှိစေမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်ပပို့ကုန် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
Sep 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မန္တလေးမြို့မတူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး မြို့မတူရိယာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 27, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ စက်တင်ဘာ ၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
Sep 27, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၅ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်၊ နမ့်ဖာဟော် တံတားမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ အမျိုးသား ၂၄၂ ဦး၊ အမျိုးသမီး ၁၉၂ ဦး၊ စုစုပေါင်း ၄၃၄ ဦးတို့အားလည်းကောင်း အသီးသီး လက်ခံခဲ့သည်။
Sep 27, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နေသော စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ထောက်ပံ့မှုများပြုလုပ်ပေးနေသူ ပပလှိုင်အား စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။
Sep 27, 2021
ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့် တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲ ကောက်ချက်စွပ်စွဲမှုများ ဖြစ်သည်။
Sep 27, 2021
အကြမ်းဖက်အဖွဲ့အစည်း NUG က နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်တင် ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို အိမ်နီးချင်းအာဆီယံနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံများကလည်း အကြမ်းဖက်မှုများနှင့် သွေးချောင်းစီးဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည့် အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
Sep 26, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်လျက် ငွေကြေးတောင်ခံ၍ အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်သူများ အားဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
Sep 26, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ(၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၆-၉-၂၀၂၁)ရက်နေ့ ညနေ(၅:၃၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင် သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့ ၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ပါသည်။
Sep 26, 2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 26, 2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန် ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြသည်။
Sep 26, 2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ နေပြည်တော် ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်ဌာန ဆိုင်ရာများမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားများ ယနေ့ နံနက်(၈) နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌လည်းကောင်း၊ နံနက်(၉) နာရီတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနပါလဓမ္မရိပ်သာ (မြိတ်)ကျောင်း၌လည်းကောင်း၊ နံနက်(၁၀) နာရီတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပခဲ့သည်။
Sep 26, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၁၂) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် တန်(၂၀)နှင့် နှာခေါင်းစည်း (Mask) (၈၈) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
Sep 26, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက် (၄) တိုက် နှင့် သီလရှင်စာသင် တိုက်(၁)တိုက်တို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇) ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
Sep 26, 2021
(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး စိုးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်မြင့်နှင့် အမှတ် (၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးထိုက်ပါ အရာရှိ (၂၅)ဦး၊ အခြားအဆင့် (၇၃)ဦး စုစုပေါင်း (၉၈) ဦးတို့သည်
