Skip to main content

(၃၁) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

(၃၁) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဦးအောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးကို ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရသော ဘရူနိုင်း ဒါရူဆလမ်နိုင်ငံမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဆောင်ရွက်ချက်များအပေါ် စစ်ဆေးအကဲဖြတ်ခြင်း အားဖြည့်မြှင့်တင် ခြင်းအပါအဝင် အာဆီယံလူမှုရေးယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ နှစ်လည်အကဲဖြတ်မှု အစီရင်ခံစာမှ ထွက်ပေါ်လာသော အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင် ရွက်မှုများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများက အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ အစည်းအဝေးများဆောင်ရွက်ရန် သတ်မှတ်ချက်များ၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ရရှိမှုနှင့် ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် 1* Innovation Platform Dialogue မှထွက်ပေါ်လာသော အကြံပြုချက်များ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌဆောင်ရွက်နေစဉ် အထူးဦးစားပေး အကောင်ထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အရေးပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများကို ချိတ်ဆက်အကောင်  အထည်ဖော် ဆောင်ရွက်မည့် ဘန်ဒါဆရီဘီဂါဝန်ကြေညာချက်(Bandar Seri Begawan  Declaration) ၂၀၂၅ အလွန်အာဆီယံ အသိုက်အဝန်းဆိုင်ရာ sados:ąjm (Hanoi Declaration) အားဆက်လက်ဆောင်ရွက်သည့် အခြေအနေများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ လုပ်ငန်းတာဝန်သတ် မှတ်ချက်များ၊ (၃၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး နှင့် (၁၆)ကြိမ်မြောက် အရှေ့အာရှထိပ်သီး  အစည်းအဝေးတို့တွင် နိုင်ငံခေါင်းဆောင်ကြီးများက အတည်ပြုမှတ်တမ်းတင်ကြမည့်  မှတ်တမ်းမှတ်ရာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်