Oct 02, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Oct 02, 2021
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၁၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ် အဖက်တမင်း)နှင့် ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 02, 2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါကုဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း ယနေ့တွင် သွားရောက်ကာ ကြည့်ရှုအားပေး၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက် ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။
Oct 02, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
Oct 02, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၂၁၃ ဆိုင်တွင် Ron92 လီတာ ၆၃၄၀၇၄၀၊ ဒီဇယ် ၆၂၄၁၃၂၃ လီတာ နှင့် Premium ဒီဇယ် ၅၇၉၃၅၅၆ လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။
Oct 02, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ၂၁ စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၂၇၅၁ ခု၊ အောက်ဆီဂျင် ထုတ်စက်နှစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ၆၀ နှင့် နှာခေါင်းစည်း ၁၁၃ တန်တင်သွင်းခဲ့ပြီး အောက်ဆီဂျင်ထုတ်စက် နှစ်ခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Oct 02, 2021
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၃ နှစ်ကျော်ပြီ။ ကာလအားဖြင့် လူ့သက်တမ်းတစ်ခုခန့် ရှိပြီ။ လွတ်လပ်ရေးရပြီး မွေးဖွားလာသော တိုင်းရင်းသားပြည်သူအချို့မှာ လွတ်လပ်သော တိုင်းပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ လွတ်လပ်ရေး၏ ခံစားခွင့် တို့ကို တင်းပြည့်ကျပ်ပြည့်မရခဲ့ကြပါဟု ဆိုရမည်။ အဘယ်ကြောင့် မရခဲ့ကြပါသနည်း။ လက်နက်ကိုင် ပဋိပက္ခများကြား မငြိမ်းချမ်းသောဘဝများတွင် နစ်မွန်းနေကြရသောကြောင့် ဖြစ်သည်။
Oct 02, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၀ ခုမှ အိမ်သုံးဆေးဝါး ၁၁၆ မျိုးအား ရောင်းချ ပေးခဲ့သည်။
Oct 02, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်း နေပါသည်။
Oct 02, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း သည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Oct 02, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Oct 02, 2021
အမှောင်ခွင်း၍ အလင်းဆောင်သည့်စာပေဗိမာန်နှင့်တစ်သက်တာစာပေဆု နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်း ရှိခဲ့ပြီဖြစ်သည့် မြန်မာစာပေသည် မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ပင်ပမဏ္ဍိုင်အဖြစ် ဝင့်ထည်စွာ တည်ရှိ နေပြီဟု ဆိုရမည်ဖြစ်သည်။ အသိဉာဏ်အမြင် ပွင့်လင်းစေသကဲ့သို့ ဆင်ခြင်တွေးခေါ်မှု အတွက်လည်း အားဆေးသဖွယ် ဖြစ်သည့် စာပေသည် နိုင်ငံတိုင်းအတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်လေသည်။
Oct 02, 2021
(၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ က အိမ်ရှင်အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 02, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်များသို့ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 02, 2021
တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်းအဆင့်လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံမှစ၍ ဖိနပ်ကြိုးစည်း သည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှုပုံစံများအားလုံး စည်းကမ်း စနစ်တကျ ရှိနေခြင်းသည် စစ်သားကောင်း တစ်ယောက်၏ အလေ့အကျင့်ကောင်းများပင် ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်း စနစ်တကျရှိအောင် နေထိုင်ကြရန်နှင့် အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်း လွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
Oct 02, 2021
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။
Oct 02, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Oct 02, 2021
လက်ရှိကာလ၌ အရေးတကာအရေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး စိတ်ချရသည့်အခြေအနေရောက်လျှင် လူမှုစီးပွားဘဝများအားလုံး ပုံမှန်လည်ပတ် နိုင်ပြီး အစစအရာရာအဆင်ပြေလာမည်ဖြစ်သည်။ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာသည်ဆိုသော်လည်း စိတ်ချရသည့် အခြေအနေတစ်ခုသို့ မရောက်သေးသဖြင့် အထူးသတိပြုကာ ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။
Oct 02, 2021
ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစကာ ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများ စသည်တို့တွင် အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်ခဲ့ကြသည်ကို လူမှုကွန်ရက်များတွင် မကြာခဏ တွေ့ခဲ့ရသည်။ နိုင်ငံရေးအပါ အဝင် လူ့လောက လူ့အရေးတို့ကို သိနားလည်မှုမရှိသေးသည့် ကလေးများကို နိုင်ငံရေး အသွေးအရောင်ခြယ်၍ အသုံးချအမြတ် ထုတ်ခဲ့ကြရာတွင် နောက်မှမြှောက်ပင့်ပေးသူများ၊ သွေးထိုး လှုံ့ဆော်သူများနှင့်တကွ ကလေးသူငယ် တို့၏ မိဘအုပ်ထိန်းသူ များမှာလည်း တာဝန်ရှိသည်။ ကလေးသူငယ်ဥမမည် စာမမြောက် ကလေးများကို စီတန်းလှည့်လည်စေခြင်း၊ အော်ဟစ်ကြွေးကြော် စေခြင်းတို့မှအစပြုကာ အဓိက ရုဏ်းများ အရှိန်မြင့်တက်လာချိန် တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများအထိ အသက်မပြည့် သေးသည့် ကလေးများကို ပါဝင်စေခဲ့ကြသည်။
Oct 01, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)၊ မလွှကုန်းဘူတာယာဒ်ဝန်း၊ ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ (အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ကို သွားရောက် ကြည့်ရှု့စစ်ဆေးသည်။
