Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၃ဝ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် မြဝတီကုန်သွယ်ရေးစခန်း (၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ () ခုမှ ယာဉ်စီးရေ () စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (အိုးခွံ) အခု (၁၃၄၀)၊ Oxygen Plant (၃)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၉၉)ခု၊ PPE ဝတ်စုံ (၂၀၀၀၀)၊ လက်အိတ် (၀ ဒသမ ၁၇) တန်နှင့် နှာခေါင်းစည်း (Mask) () တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့နှင့် အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးမှာ ပြည်မြို့ တို့သို့ဖြစ်ပြီး Oxygen Plant () ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)