Skip to main content

Oct 03, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပန်းပေါင်းစုံဖြင့် ပြုလုပ်ထားသည့် မဟာမုနိဆင်း တုတော်မြတ်အား ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

မန္တလေးတိုင်းဒေသကြီး မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ နန်းမြို့ရိုးတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားများ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ကောင်စီ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နမ့်ဆန်ဒေသ တိုင်းရင်းသားပြည်သူများက စုပေါင်းလှူဒါန်းသည့် Boly စက်အမျိုးအစား Oxygen Plant စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အဆိုပါ Oxygen Plant စက်ရုံ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀ ဦး၊ မူဆယ်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသား ၆၆ ဦး၊ စုစုပေါင်း ၁၇၀ ဦးတို့ကိုလည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးကိုလည်းကောင်း၊ ယနေ့တွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၇၉ ဦး၊ စုစုပေါင်း ၂၀၀ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၀၂ ဦး၊ အမျိုးသမီး ၁၉၆ ဦး၊ စုစုပေါင်း ၃၉၈ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၃၃၀ ဖြင့် လှိုင်သာယာအရှေ့ပိုင်း မြို့နယ် (၆)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း သစ်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းပုံသွင်းနေမှု၊ မြေယာရှုခင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖြတ်ရေးဆိုင်ရာ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ကျင်းပရာ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တောတောင် သဘာဝအလှအပများ ပေါများကြွယ်ဝခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စွမ်းရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ခရီးသွားဧည့်သည် ဆွဲဆောင်သည့် နေရာများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိပ်တန်းသို့ ရောက်ရှိနေသော အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျမှုမရှိ။ အချို့သော နေရာဒေသများနှင့် သဘာဝအလှအပများဆိုလျှင် လွန်စွာထူးခြားလှပ၍ သဘာဝမပျက် ပြုပြင်မွမ်းမံဖြည့်ဆည်းလိုက်မည်ဆိုပါက ကမ္ဘာကျော်နိုင်သည့်နေရာများ များစွာရှိသည်ဟု ယုံကြည်မိသည်။ သို့ရာတွင် မိမိတို့နိုင်ငံရှိ ခရီးသွားဧည့်သည်အများအပြား လည်ပတ် ကြသည့် နေရာများတွင်လည်းကောင်း၊ အဝေးပြေးလမ်းများတွင် လည်းကောင်း၊ အကျည်းတန်အရုပ်ဆိုးစွာ အလှဖျက်နေကြသည့် အရာများမှာ စွန့်ပစ်အမှိုက်များဖြစ်သည်။ စွန့်ပစ်အမှိုက်များအနက် အကွေ့ရအများဆုံးမှာ ပလတ်စတစ်အမှိုက်များပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ ဥစားကြက်မွေးမြူထားရှိမှုနှင့် မျိူးဖောက်ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2021

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည် ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် ဖွင့်လှစ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ အောင်ဝင်း(ခ)အဲဝင်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်တိုင်းဒေသကြီး/ပြည်နယ်များတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။ထိုသို့ထိုးနှံပေးရန်အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှSinopharmအမှတ်တံဆိပ်ကာကွယ်ဆေး (၂၄)သန်းစာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအလုံးရေ(၄)သန်းသည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ယနေ့ညနေ၅နာရီတွင်ထပ်မံရောက်ရှိလာရာရန်ကုန်တိုင်းဒေသကြီးကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သည့်အဖွဲ့ကလက်ခံရယူသည်။အဆိုပါကာကွယ်ဆေးများကိုတိုင်းဒေသကြီ/ပြည်နယ်များသို့လိုအပ်ချက်အရမြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ းတပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူအညီဖြင့်လေကြောင်းခရီးမှလည်းကောင်းအအေးလမ်းကြောင်းမပျက်ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ရေကြောင်းနှင့်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ဆိပ်ကမ်းများနှင့်ချင်းရွှေဟော်နှင့်တာချီလိတ် ကုန်သွယ်ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၅) ခုမှ ယာဉ်စီးရေ (၈) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) အခု(၅၀၀) ၊ Oxygen Generator (၂) ခု နှင့် နှာခေါင်းစည်း(Mask) တန် (၃၀) တင်သွင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့BaganSenseဟိုတယ်၌ ဖွင့်လှစ်ထားရှိသည့်ဟိုတယ်နှင့်ခရီးသွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုလုပ်ငန်းများအဖြစ်အသိအမှတ်ပြုပေးနိုင်ရန်အတွက်လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် နံနက် ၇ နာရီတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား(၃၃၀)ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် (၆)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ လှိုင်သာယာ ပြည်သူ့ဆေးရုံ ကြီးဝင်းအတွင်း သစ်ပင်ချုံနွယ်များခုတ်ထွင်းရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်းပုံသွင်းနေမှု၊ မြေယာရှုခင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်