ကျောင်းကုန်း စက်တင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပန်းတနော်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ရုံးညနေပိုင်းတွင် ဖျာပုံခရိုင် ပြန်/ဆက်ရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးတို့အား တွေ့ဆုံကာ ပြန်/ဆက်ရုံးများကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့နယ်ရုံး မော်လမြိုင်ကျွန်းမြို့နယ်ရုံးတို့အား ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်းတွင် ဝါးခယ်မမြို့နယ်ရုံး၊ အိမ်မဲမြို့နယ်ရုံးနှင့် ကျောင်းကုန်းမြို့နယ်ရုံး၊ ညနေပိုင်းတွင် ဓနုဖြူမြို့နယ်ရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်းသော်လည်း ကူးစက်မှုများရှိနေဆဲဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ နေထိုင်ရေး၊ အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာ ကျေပွန်စွာတာဝန်ထမ်းဆောင်ရေး၊ လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆ မှန်ကန်အောင်သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းအသိပညာပေးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘိုကလေးမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံနှင့် ကျောင်းကုန်းမြို့ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်များကြံ့ခိုင်ရေးနှင့် ပျက်စီးမှုမရှိစေရေး၊ လုံခြုံရေးဂရုစိုက် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)