နေပြည်တော် စက်တင်ဘာ ၅
မန္တလေး- မြစ်ကြီးနား - လားရှိုး မြို့တွင်းလမ်း မိုင် (၁၇၂/၀) မှ (၁၇၈/၀) အထိ ၄၈ ပေ အကျယ် လေးလမ်းသွား ကတ္တရာကွန် ကရစ် လမ်းတိုးချဲ့ခြင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက စက်တင်ဘာ ၃ ရက်တွင် စစ်ဆေး ကြည့်ရှုပြီး လမ်းနယ်နိမိတ် အတွင်း ကျူးကျော်မှု မရှိစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်၊ စံညွှန်း ပြည့်မီရေးတို့ ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် လားရှိုးမြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်ခဲ့သော ထင်းရှူးမြိုင် အိမ်ရာစခန်းသို့ ရောက်ရှိ စစ်ဆေးစဉ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာများတွင် ဝန်ထမ်း များ အဆင်ပြေစွာ နေထိုင်ရေး အတွက် ရေ၊ မီး၊ မိလ္လာနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အိမ်ရာ ကော်မတီများမှ တင်ပြချက်များကို အလေးထား ဆောင်ရွက်ပေးရန်၊ ဆောင်ရွက်ဆဲ လုပ်ငန်းများအား သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို လျာထားစီမံချက် စနစ်တကျ ရေးဆွဲဆောင် ရွက်ရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဦးစီးဌာန အလိုက် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ကျင့်ဝတ်၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း ပြဋ္ဌာန်းချက်အတိုင်း နေထိုင်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်း သန္နိဋ္ဌာန် (၆)ချက်အား လိုက်နာရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရမည် ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ် ကြောင်း၊ တစ်ဦးချင်းလုံခြုံရေး၊ ရုံး၊ အဆောက်အဦလုံခြုံရေး၊ စက်/ ယာဉ် ယန္တရားများ လုံခြုံရေးကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း ညီအစ်ကို မောင်နှမ စိတ်၊ မိသားစုစိတ်ဖြင့် အပြန်အလှန် ရိုင်းပင်း ကူညီကြရန် မှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်