Skip to main content

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော် စက်တင်ဘာ ၄

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းဆတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ကျုံပျော်မြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများ၊ သက်ဆိုင်ရာမြို့နယ်များမှ ဆန်လုပ်ငန်းရှင်အသင်းများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူတို့က ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်နှင့် စည်သွပ်ဘူးများ စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်