Skip to main content

Jul 19, 2024

အိန္ဒိယသမ္မတနိုင်ငံက ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့လှူဒါန်းသည့် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (Bhabhatron-II and Imagin) လွှဲပြောင်း လက်ခံခြင်းအခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆေးကုသဆောင်သစ် အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် မိုးမခကျေးရွာရှိ ပန်းလှိုင်ရေထိန်းတံခါးနှင့် ပန်းလှိုင်မြစ် ရေစီးရေလာမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက် ပေးနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

စင်ကာပူမြို့ မြန်မာသံရုံးက အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးရန် စာရင်းပေးသွင်းထားပြီး ကျန်ရှိနေသူများကို ဇူလိုင် ၂၁ ရက်တွင် ဒုတိယအကြိမ်အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ သက်တမ်းတိုးရန်စာရင်းပေးထားပြီး ကျန်ရှိနေသူ ၂၀၀ ခန့်ရှိနေ၍ အဆိုပါအမည်စာရင်းတွင် ပါဝင်သူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံစွာယူဆောင်၍ ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြန်မာသံရုံးသို့ လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ရေး အသိပေးကြေညာထားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ရိမ်းဘိုးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရွှေဝါထွန်း (၂) သမဝါယမအသင်းနှင့် မြန်မာ Uni Seimer ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် နေပြည်တော်‌ကောင်စီတရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရသီရိ ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၁၄ တန်၊ အခြားသစ်တန် ၁ ဒသမ ၁၄၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၁၀၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသုတေသနဌာနစု စမ်းသပ်ကွင်း၌ မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးထားသည့် ဆီထွက်ရာခိုင်နှုန်းကောင်းမွန်သော အလားအလာကောင်း ပဲပုပ်မျိုးလိုင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Yun Nadi Oo Training Center သို့သွားရောက်၍ အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းတာဝန်ခံက အခြေခံမော်တော် ယာဉ်စက်ပြင်သင်တန်းနှင့် အဆင့်မြင့်မော်တော်ယာဉ် စက်ပြင်သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများတက်ရောက်ခဲ့မှုနှင့် ရရှိမည့်အခွင့်အလမ်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ဒေသအခက်အခဲကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောက်ရှိနေသော ကယားပြည်နယ်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းကြီးစုရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာအလင်္ကာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

တိရစ္ဆာန် ကျန်းမာရေးနှင့်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ငါးလုပ်ငန်းစခန်း (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သောဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှုခံယူခဲ့ပါသည်။ ကျန်းမာရေးစစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့် ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်း ရောဂါတို့အားခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၁၅-၄-၂ဝ၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေး ကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် ဆေးကုသမှု ခံယူခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ယခင်မော်ကွန်းရုပ်ရှင် ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှု၍ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်(ယနေ့)သည် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်ကချမှတ်ပေးထားသည့် အစီအမံများနှင့်အညီ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပနေပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့မလျော့အောက်မေ့သတိရ ဂုဏ်ပြုဦးညွှတ်အလေးပြုခြင်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျေးဇူးဆပ်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်တို့ ဦးဆောင်အရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးမှာမူ စိန်ရတုလွန်မြောက်၍ ၇၆ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့ကထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံသံအမတ် Mr. Robert Wood က ၁၅-၇-၂၀၂၄ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲကျင်းပသည့်နေရာ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်