Skip to main content

စင်ကာပူမြို့ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဒုတိယအကြိမ် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်

နေပြည်တော် ဇူလိုင် ၁၈

စင်ကာပူမြို့ မြန်မာသံရုံးက အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးရန် စာရင်းပေးသွင်းထားပြီး ကျန်ရှိနေသူများကို ဇူလိုင် ၂၁ ရက်တွင် ဒုတိယအကြိမ်အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ သက်တမ်းတိုးရန်စာရင်းပေးထားပြီး ကျန်ရှိနေသူ ၂၀၀ ခန့်ရှိနေ၍ အဆိုပါအမည်စာရင်းတွင် ပါဝင်သူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံစွာယူဆောင်၍ ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြန်မာသံရုံးသို့ လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ရေး အသိပေးကြေညာထားသည်။

ဒုတိယအကြိမ်အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးခွင့်ရသည့် နိုင်ငံကူးလက်မှတ်များကို ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက် (မွန်းလွဲ ၁ နာရီမှ ၃ နာရီ) တွင် မြန်မာသံရုံး၌ ပြန်လည်ထုတ်ပေးသွားမည်ဟု သိရသည်။

အထူးအစီအစဉ်တွင် ပါဝင်ခွင့်မရသည့်တိုင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်လိုသူများသည် မြန်မာသံရုံး၏ WhatsApp နံပါတ် +၆၅ ၈၂၄၆၈၅၈၁ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ပုံမှန်ရုံးဖွင့်ရက်များအတွင်း သက်တမ်းတိုးခွင့်ရရှိသူများ၏ အမည်စာရင်းကို အပတ်စဉ်သောကြာနေ့ သံရုံးဝဘ်ဆိုက် http://www.myanmarembassy.sg ၌ ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကိုမျှ ဝန်ဆောင်မှုဆောင်ရွက်ခွင့်ပေးထား ခြင်းမရှိပါကြောင်း၊ မြန်မာသံရုံးအမည်ဖြင့် Facebook Messenger၊ Instagram စသည့်လူမှုကွန်ရက်များဖြင့် online appointment ဝန်ဆောင်ခရယူဆောင်ရွက်ပေးခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံသားများထံမှ အခကြေးငွေရယူ၍ online appointment ဆောင်ရွက်နေသူများအား အထူးသတိပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်