Aug 12, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Aug 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံလယ်ယာ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု တောင်သူဦးဖြိုးအောင်၏ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
Aug 12, 2024
ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ပြုလုပ်သည်။
Aug 12, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ် စပယ်ကျေးရွာအုပ်စု ပဲ့ကိုင်ရွာတောင်ကွင်း၌ စိုက်ပျိုးဖြစ်ထွန်းနေသည့် တောင်သူဦးတင်ကို၏ ဘီ-၃၁ စပ်မျိုးဝါများ စိုက်ပျိုးထားရှိမှု၊ ဝါများခူးဆွတ်နေမှုနှင့် ထွက်ရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 12, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋက ကျောင်းတိုက်၌ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။
Aug 12, 2024
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် မျိုးဆက်သစ်လူငယ်များကို အားကိုးအားထားပြုကြသည်။ ယနေ့လူငယ်သည် နောင်တစ်ခေတ်တွင် လူကြီးများဖြစ်လာပြီး နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များကို တန်ဖိုးထားသောအားဖြင့် ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးတွင် နှစ်စဉ်ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟု သတ်မှတ်ခဲ့သည်။
Aug 12, 2024
လူငယ်များသည် နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များဖြစ်ရာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေပြုလုပ်ရန်လိုသည်။ လူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်တို့ မြင့်မားသည်နှင့်အမျှ နိုင်ငံ၏အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေ ဆိုင်ရာဆုလာဘ်” ဖြစ်ပြီး ဆယ်စုနှစ်နှစ်စုအတွင်း အကျိုးရှိစွာအသုံးချနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဟု သိရသည်။
Aug 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်း တံတားများနှင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား လှည့်လည်ကြည်ရှုစစ်ဆေးသည်။
Aug 11, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
Aug 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။