Aug 12, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ အမှုထမ်း၊ အရာထမ်းအိမ်ရာများနှင့် အပျို/လူပျို ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 12, 2024
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယခုနှစ်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်လျက်ရှိသည်။
Aug 12, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 12, 2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်သူအများစုသည် မိုးသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ စပါး၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှံစားပြောင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးနေကြာ ၆၀၅ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပြီး စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Aug 12, 2024
မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
Aug 12, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်နေသော ယဉ်ကျေးမှုအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Aug 12, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိကျင်းပမည့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Aug 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Fake Fur Fabric မီတာ ၁၁၅၀၀ Article of Use-Screen Net ခြင်လုံ ဆန်ခါ ကီလိုဂရမ် ၃၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၃၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ)၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်တင်ပြနိုင် ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် Bacillus Clausil Spore Suspension ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး ၁၀ ဘူးနှင့် ကိုရီးယားနိုင်ငံထုတ် Flash Lamp မီးအိမ်နှစ်ခုအပါအဝင် ကုန်ပစ္စည်း ၃၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀) ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ကျိုင်းတုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် 100% Polye-ster ကီလိုဂရမ် ၁၇၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၃၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
Aug 12, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ (သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။