Skip to main content

Aug 13, 2024

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက် က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါပြည်သူသုံးဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ချင်းပြည်နယ် မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ် ၉ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၁ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် လူငယ်ဖိုရမ်သို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည့် ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၂ ရက် (ယနေ့) ညနေ ၅ နာရီတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော်-တပ်ကုန်းတွင် လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မန္တလေးမြို့ အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စ ကောင်းဖျင် (Ms. Gao Ping) က ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာ ရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ကမ္ဘာပေါ်တွင် လူအများထိခိုက်သေဆုံးမှု အဖြစ်အများဆုံးအန္တရာယ်သည် ယာဉ်အန္တရာယ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိလမ်းများပေါ်၌ ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားရာတွင် လူအများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ယခုအခါ ယခင်ကာလများထက်စာလျှင် ယာဉ်မတော်တဆမှုနှင့် ထိခိုက်သေဆုံးမှုများ လျော့နည်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်