Jun 28, 2024
၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် “ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်”ကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
Jun 28, 2024
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ (၁၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ခရီးစဉ်ဒုတိယပိုင်းအဖြစ် ဇွန် ၂၅ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့သို့ ရောက်ရှိသည်။ နယူးဒေလီမြို့သို့ ရောက်ရှိစဉ်အတွင်း မြန်မာသံရုံး၊ နယူးဒေလီမြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
Jun 28, 2024
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) ညီလာခံခန်းမ၌ ကျင်းပရာ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Jun 28, 2024
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ထိန်းချုပ်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာနှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားသူများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်အရေးယူလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
Jun 28, 2024
သတင်းတု၊ သတင်းအမှား လုပ်ကြံရေးသားဖြန့်ဝေမှုများကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများနှင့် ပြည်ဖျက်မီဒီယာများ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ပူးပေါင်းကာ တစိုက်မတ်မတ်ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်ကို ပြည်သူလူထုက အထင်အမြင်လွဲမှားရေး၊ မုန်းတီးရေး၊ နိုင်ငံတကာအလယ်တွင် သိက္ခာချရေးတို့ဖြစ်ပြီး သတင်းအတု၊ သတင်းအမှားများကို တစ်နေ့တစ်မျိုးမရိုးရအောင် လုပ်ကြံဖြန့်ချိနေကြခြင်းဖြစ်သည်။
Jun 27, 2024
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Jun 27, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 27, 2024
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ဇွန်လ ၂၅ ရက်နေ့က အစည်းအဝေးခေါ်ယူကာ စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန်အတွက် ၃ လ တစ်ကြိမ်၊ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁ သောင်းမှ ၃ သောင်းကျပ်အထိပေးရမည်ဟု ခြိမ်းခြောက်တောင်းယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jun 27, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ကျင်းပမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
Jun 27, 2024
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် တပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့များက ဘုရားကျောင်းဝင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ကာ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု သတင်းတု သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jun 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဒေသခံတောင်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ခရမ်းကိုင်းအုပ်စု အဆင့်မြင့်လယ်ယာမြေ ဧက ၂၀၀ ရှိ တောင်သူ ဦးရဲဝင်း၏ ကွင်းအမှတ် (၁၈၂၆) ဦးပိုင် (၂၇) ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စပါးမျိုး သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက် နှစ်ဧက ရိတ်သိမ်းခြင်းကို ကြည့်ရှု အားပေးသည်။
Jun 27, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်မှ ဇွန် ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၉ ဒသမ ၆၅၈၇ တန်၊ သစ်မာ ၃ ဒသမ ၇၉၃၆ တန်၊ အခြား ၁၄ ဒသမ ၁၈၅၃ တန် စုစုပေါင်း ၃၇ ဒသမ ၆၃၇၆ တန်၊ ယာဉ်/ ယန္တရားခြောက်စီး၊ တရားခံ ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 27, 2024
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 27, 2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်းအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
Jun 27, 2024
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း ငါးရစ်ငါးသန်ကာလ တရားမဝင်ငါးဖမ်းဆီးမှုမရှိစေရေး၊ ငါးသယံဇာတပေါများစေရေး၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရေး၊ ပြည်သူများငါးရိက္ခာဖူလုံစေရေး၊ ဒေသနေပြည်သူများ အသိပညာတိုးပွားစေရေးနှင့် သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးရည်ရွယ်၍ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၇ နာရီက သာပေါင်းမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း လွတ်လပ်ရေးပန်းခြံတွင် စိုက်ထူခဲ့သည်။
Jun 27, 2024
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တွင် ရောက်ရှိလေ့လာနေကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ကြည်စွာ ဆက်သွယ်နိုင်ရေးအတွက် Address Book များကိုလည်းကောင်းပေးအပ်ကြရာ ယွန်းပညာကောလိပ် (ပုဂံ) နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
Jun 27, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jun 27, 2024
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Jun 27, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဘုန်းတော်ကြီး ကျောင်းများတွင် နေထိုင်သည့် အသက် ၁၅ နှစ်အောက် ကလေးငယ်များကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ခြင်းအနေဖြင့် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာအုပ်စု လယ်သာ ကျေးရွာအတွင်းရှိ အဝါရောင် မျိုးဆက်သစ် မိဘမဲ့နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဇွန် ၂၄ ရက် နံနက် ၉ နာရီမှစတင်၍ ကလေးငယ် ၂၂၇ ဦးကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
Jun 27, 2024
အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ် ပေးနိုင်စေရန်နှင့်အချိန်နှင့် တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့် နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
