Skip to main content

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၄

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် LEAPMOTOR T03 (STANDARD) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Unitrust Enterprise Group of Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR ICAR03 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် အောက်တိုဘာ ၂၄ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်