Skip to main content

Jun 27, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ သုတေသနပြကွက်များနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ပြကွက်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်၊ လုယက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြောကြားလိုပါတယ်။ အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့ အခြေအနေ အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော - ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာ ရှိပြီးတော့ အဲဒီနေရာမှာ အရင်တုန်းကတော့ UNHCR, WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့ အစည်းတွေရဲ့ ရုံးတွေ၊ ဂိုဒေါင်တွေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်းမှာ မေလကတည်းက အဲ့ဒီနေရာမှာ ရုံးထိုင်တဲ့ လူတွေမရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီအစောင့်တွေ လောက်သာထားခဲ့နိုင်ပြီးတော့ ပြန်သွားတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ ပတ်သက်ပြီးလည်း ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

မြန်မာအမျိုးသမီးများနေ့ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်)

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

ပညာ၏အဓိပ္ပာယ်သည် ကျယ်ပြန့်နက်ရှိုင်းလှသည်။ ပညာသည် သင်ကြားတတ်မြောက်ထားသည့် အတန်းပညာသာမက လေ့လာဆည်းပူးအားထုတ်ထားသည့် အသိပညာဗဟုသုတတို့ထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းပေသည်။ ပညာသည် မသိခြင်းဟူသည့် အမိုက်မှောင်ကိုပင် ဖယ်ရှားနိုင်သဖြင့် “ပညာသမာ အာဘာနတ္ထိ” “ပညာနှင့်တူသော အလင်းရောင်မရှိ” ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2024

(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် ကျင်းပခဲ့ရာ တန်ဖိုးပမာဏ ကြီးမားများပြားလှစွာသော ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းစာမှုန့်၊ ဆေးခြောက်၊ ကက်တမင်းနှင့် ဘိန်းညိုမှုန့် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော်၊ (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများမှာ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ပမာဏ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေ မြို့နယ်ကျားတွန်ကျေးရွာမှ လူငယ် ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာများကို တစ်အိမ်လျှင် ငွေကျပ် ၃ သောင်းကျပ် ကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ပြိုင်တည်းကျင်းပခဲ့ကြပြီး အထိမ်းအမှတ်နေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝယ်ယူမည့် နိုင်ငံခြားစက္ကူအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီက ၂၄-၆-၂၀၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများအား အများပြည်သူဝယ်ယူဖြည့်တင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် ဥက္ကံမြို့ရှိ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွား ရိပ်သာ၊ တိုက်ကြီးမြို့ပေါ်ရှိ တိုက်ကြီး မြို့မရဲစခန်းအချုပ်ခန်း၊ တိုက်ကြီးခရိုင် တရားရုံးအချုပ်ခန်းနှင့် မြို့နယ်တရားရုံး အချုပ်ခန်းများသို့ ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hanboom (Myanmar) Garment Co., Ltd. နှင့် New Forest Co., Ltd. အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနအတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၃၆)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးနှင့် ပထမအကြိမ် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်ကျော်နှင့် ပတ်သက်သောဖော်ပြချက်များပါဝင်သည့် ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်