Skip to main content

မြန်မာနိုင်ငံနှင့် UNFPA တို့အကြား ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအမြင်ချင်း ဖလှယ်ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဂျီနီဗာမြို့ရှိ UNFPA ရုံး၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda Arakaki နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် UNFPA က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် UNFPA တို့အကြား ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်