၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ရွှေစီမံကိန်းတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC THAI BINH ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၁၉.၄၂၈ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆.၈၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၃.၄ဝ၈ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၂၀.၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၆ မိနစ် ၄၄.၉၂၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ရွှေစီမံကိန်းတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC THAI BINH ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ (၄) ကီလိုမီတာပတ်လည် အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန