Skip to main content

သမဝါယမအသင်းသားပြည်သူများသို့ ဆန်နှင့်မြေပဲဆီသန့်များ ဖြန့်ဖြူးရောင်းချ

ရန်ကုန် အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၆၇၀ (တန်ဖိုးငွေကျပ် ၉၈၄ ဒသမ ၇၀၀ သိန်း) နှင့် ပခုက္ကူဒေသထွက် မြေပဲဆီသန့် ၄၃၂ ပိဿာ (တန်ဖိုးငွေကျပ် ၈၈ ဒသမ ၅၆၀ သိန်း) စုစုပေါင်း ငွေကျပ် ၁၀၇၃ ဒသမ ၂၆၀ သိန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် အများ ပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်