ရန်ကုန် အောက်တိုဘာ ၂၃
စာရေးဝန်ထမ်း ကြီးကြပ် သင်တန်းအမှတ်စဉ် (၉၆) ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရ သင်တန်းသား ဦးသန်းနိုင် (ဌာနခွဲစာရေး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) ကိုလည်းကောင်း၊ သင်တန်းသူစံပြဆုရသင်တန်းသူ ဒေါ်အေးသန္တာ ကျော်(ဌာနခွဲစာရေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန)ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၆၆ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ဩဂုတ် ၁၂ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်