နေပြည်တော် ဩဂုတ် ၂၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ -မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အရာထမ်းငယ်များ အရည်အသွေးမြင့်မားစေရေးအတွက် The Asia Foundation a posle: စီစဉ်ဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ်(၄/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးအသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား သင်တန်း သူများကိုယ်စား သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါ အရာထမ်းငယ်များအတွက် စကားပြန်သင်တန်းကို ဩဂုတ် ၁၀ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ် သုံးပတ်ကြာ ဖွင့်လှစ်ခဲ့ရာ နိုင်ငံခြားရေးဝန်ထမ်း ဌာနစုမှူး(၂)အဆင့်မှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် အထိ အရာထမ်း ၁၀ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်