Skip to main content

Aug 24, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ၁၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေး၊ ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့ဘုရင့်နောင်ဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများအဖွဲ့သည် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်၊ ပြည်၊ ပုသိမ်၊ တောင်ကုတ်၊ မုံရွာလမ်းဆုံတွင် ကိုဗစ်-၁၉ ကာကွယ် စစ်ဆေးရေးဂိတ် ၁၅ ပေ၊ ၆၀ပေ၊ အမြင့် ၁၃ ပေ သံကူအုတ်ပန္နက်ခံ တည်ဆောက်နေမှုအခြေအနေများအား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

၂၀၂၀ ပြည့်နှစ် ပါတီစံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ယမန်နေ့ နံက်ပိုင်းက တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးတို့သည် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာရှိ ကံလှဆုတောင်းပြည့်ကျောင်း တိုက်တွင်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်ဦးစန္ဒောဘာသထံမှ အနုမောဒနာ တရားများနာကြား၍ အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်းဆောင်ရွက်လျက် ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်သည် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့် အလှူငွေများကို သွားရောက် ထောက်ပံ့ လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 24, 2020

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန် ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်