Skip to main content

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းရေးရာဝန်ကြီးမှ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း

တနိုင်း  သြဂုတ် ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်သည် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်နှင့် အလှူငွေများကို သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဩဂုတ်လ (၂၁) ရက်နေ့တွင် တနိုင်းမြို့နယ်၊ မုန်ဒိန်ရပ်ကွက် AG ဘုရားကျောင်း အတွက် ဆန်အိတ် (၃၅) အိတ်နှင့် ငွေကျပ် (၂) သိန်း၊ ဆွတ်ငိုရပ်ကွက် COC ဘုရာကျောင်းအတွက် ဆန်အိတ် (၄၀) အိတ်နှင့် ငွေကျပ် (၂) သိန်း စုစုပေါင်း ဆန်အိတ် (၇၅) အိတ်နှင့် ငွေကျပ် (၄) သိန်းအား လည်းကောင်း၊ ဩဂုတ် (၂၂) ရက်နေ့ မကောကျေးရွာအုပ်စု၊ လမုန်အမှတ် (၃) ရပ်ကွက် COC ဘုရာကျောင်းနှင့် ဟူးကောင်းရပ်ကွက်၊ လီဆူနှစ်ခြင်းဘုရားကျောင်းအတွက် ဆန်အိတ် (၄၅) အိတ်နှင့် ငွေကျပ် (၃) သိန်းအားလည်းကောင်း၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် မကောကျေးရွာအုပ်စု၊ လမုန်ရပ်ကွက် (၅) မေရှိယဘုရာကျောင်းနှင့် ခရစ်တော်၏ အသင်းတော် (နာဂ) အတွက် ဆန်အိတ် (၃၅) အိတ်၊ ငွေကျပ် (၂) သိန်း အားလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းတော် အသီးသီးမှ ဘာသာရေးဆရာများ၊ ပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ရာ  ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းရေးရာဝန်ကြီး ဦးအားတီယောဟန်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များက ပြည်သူတို့၏ လိုအပ်ချက်တင်ပြချက်များအား လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)