Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ဇလွန်  သြဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ထောက်ပံငွေ ပေးအပ်ရသည့် အကြောင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြာအင်း ကျေးရွာအုပ်စုနှင့် ညောင်ပင်သာကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၃၃)စုအတွက် အိမ်ထောင်စု(၁)စုလျှင် (၅၀၀၀၀) နူန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၆၅၀၀၀၀)နှင့် အိမ်ထောင်စု(၁)စုလျှင် ၂၀ ပေ၊ ၄၀ ပေ တာပေါ် လင်မိုးကာစ (၁)စ၊  အိမ်ထောင်စု (၃၃)စုအတွက် စုစုပေါင်း တာပေါ်လင်မိုးကာစ (၃၃)စ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုနောက် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများကိုယ်စား ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)