Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးရေးဂိတ် တည်ဆောက်နေမှု အခြေအနေအား စစ်ဆေးကြည့်ရှု

ပန်းတောင်း  သြဂုတ်  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ အဖွဲ့သည် ဥသျှစ်ပင်မြို့  ရတနာပုံရပ်ကွက်၊ ပြည်-ပုသိမ်-တောင်ကုတ်-မုံရွာလမ်းဆုံ တွင် ကိုဗစ်-၁၉ ကာကွယ် စစ်ဆေးရေးဂိတ် ၁၅ ပေ၊ ၆၀ပေ၊ အမြင့် ၁၃ ပေ သံကူအုတ်ပန္နက်ခံ တည်ဆောက်နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥသျှစ်ပင်မြို့သည် လမ်းဆုံ လမ်းခွ ဖြစ်သည်နှင့်အညီ အရေးကြီးသော နေရာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အချင်းချင်းကူးစက်လွယ်သော ဗိုင်းရပ်စ် ဖြစ် ကြောင်း၊  ကိုဗစ်ဒုတိယလှိုင်း၏ အခြေခံအရင်းအမြစ်ကို သိရှိရန်လိုအပ်ကြောင်း၊ Mask တပ်ကြရန် လက်ဆေးကြရန် လိုအပ်ကြောင်း၊ ကြိုတင်ကာကွယ်ရေးသည် ကုသရေးထက် ပိုမိုကောင်းမွန်ကြောင်း၊ လူနာထားရှိမှု၊ ကျန်းမာရေး စစ်ဆေးမှုများ သတိဝီရိယထား စစ်ဆေး ကြရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ PPE ဝတ်စုံ ၁၂ စုံ၊ Hand Gel ၁၀ ဘူး၊ Face Cover ၅ ခု ပေးအပ်ခဲ့ရာ ရတနာပုံ အုပ်ချုပ်ရေးမှူး ဦးမြသိန်းမှ လက်ခံခဲ့ကြောင်းနှင့် ဥသျှစ်ပင်မြို့ ကျန်းမာရေးမှူး ဦးရဲနိုင်၊ ပန်းတောင်းမြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးမြတ်မိုးကျော်၊ SAE ဦးကျော်နိုင်ထွန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရတနာပုံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသိန်းနှင့် ရပ်မိရပ်ဖများ၊ စုစုပေါင်းအင်အား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)