Skip to main content

မြဝတီမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

မြဝတီ သြဂုတ် ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကြိုတင်ကာကွယ်ရေး၊ ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြဝတီမြို့ဘုရင့်နောင်ဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင်  ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြဝတီမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် တာဝန်ရှိသူများက  ဈေးရောင်းစျေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  ပညာပေးကာလကုန်ဆုံးသွားပါက  နှာခေါင်းစည်းမတပ်ဆင်သူများကို အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အလားတူ  မြဝတီမြို့ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူထူထပ်သည့်နေရာများတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါအသိပညာပေးခြင်းနှင့်နှာခေါင်းစည်များ အခမဲ့ဖြန်ဝေပေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)