Skip to main content

တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ၀န်ကြီး ဦးကျော်မင်း ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အတွက် ပံ့ပိုး ကူညီရေး အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပုလောမြို့နယ် ၌ ကျင်းပ

ပုလော  သြဂုတ် လ  ၂၄

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြည်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်း ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယမန်နေ့နံနက် ၁၀ နာရီက  ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းက  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ ကျန်လပ်မှုမရှိစေရေးတို့ကို သေချာစွာစိစစ်ပေးစေလိုကြောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်ပြည်သူများမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ မဲပေးနိုင်ရေးဆောင်ရွက်ထားရှိရေးကို ဆွေးနွေးမှာကြားခဲ့သည်။

ထိုနောက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်အချက်အလက်များနှင့်  မဲရုံများအခြေအနေများကို တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)