မြန်အောင် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီးတို့သည် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာရှိ ကံလှဆုတောင်းပြည့်ကျောင်း တိုက်တွင်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်ဦးစန္ဒောဘာသထံမှ အနုမောဒနာ တရားများနာကြား၍ အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြန်အောင်မြို့နယ်၊ သပြေကုန်း အုပ်စု၌ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Able Winners Co.,Ltd မှတာဝန်ယူဆောင်ရွက်သည့် သပြေကုန်း နယ်မြေမီးသတ်စခန်း(၄၅×၅၀×၂၆)ပေ (၂)ထပ်အဆောက်အဦနှင့်(၄)ခန်း တွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (၁၀၀× ၄၀ × ၂၂) ပေ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွား =ရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးတို့မှ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့်အရည် အသွေးပြည့်ဝရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
သပြေကုန်းနယ်မြေမီးသတ်စခန်း (၄၅×၅၀×၂၆)ပေ (၂)ထပ် အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းမှာ ၁၀၀% ပြီးစီးပြီး ဖြစ်ပြီး၊ (၄)ခန်း တွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (၁၀၀×၄၀×၂၂)ပေ တည် ဆောက်ခြင်းလုပ်ငန်းမှာ ၂၀% ခန့် ပြီးစီးဖြစ်ကြောင်း သိရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနများနှင့်အတူ သပြေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် သပြေကုန်း ကျေးရွာအုပ်စု အတွင်းရှိ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်မှူးများနှင့် ဒေသခံပြည်သူ များမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်တို့မှ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာနှင့် ရှားတော ကျေးရွာတို့အား ဆက်သွယ်သောလမ်း(၂၁၀၀)ပေအား ချောင်းကျောက်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေ (၁,၅၇၅,၀၀ဝိ/−)အား လမ်းဖြစ်မြောက်ရေး ကော်မတီထံသို့ လည်းကောင်း၊ သပြေကုန်းကျေးရွာအုပ်စု ၊ ခဲပျောက်ကျေးရွာ − ညောင်ကုန်းကျေးရွာနှင့် အိုင်မကျေးရွာတို့အား ဆက်သွယ်သည့်လမ်း (၄,၀၀၀)ပေအား မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် အလှူငွေ (၁,၆၀၀,၀၀ဝိ/−) အား လမ်းဖြစ် မြောက်ရေးကော်မတီထံသို့ လည်းကောင်း၊ သပြေကုန်းကျေးရွာအုပ်စု၊ အင်းဝတောင်ကျေးရွာ လမ်းမီး သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေ (၁,၄၁၁,၀၀ဝိ/−)အား မီးလင်းရေး ကော်မတီထံသို့လည်းကောင်း၊ ဇလုတ်ကြီး −ကန့်ဘလူ(အထကခွဲ) ကျောင်းပတ်လည် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင် ရွက်ရန်အတွက်အလှူငွေ (၄၅၀,၀၀ဝိ/−)အား ကျောင်း ကော်မတီထံသို့ လည်းကောင်း၊ ဇလုတ်ကြီးကျေးရွာနှင့် ညောင်တန်းကျေးရွာတို့အား ဆက်သွယ်သည့်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် (၁,၀၅၀,၀၀ဝိ/−)အား လမ်းဖြစ်မြောက်ရေး ကော်မတီထံသို့ လည်းကောင်း၊ သပြေကုန်းကျေးရွာအုပ်စု၊ ခုနှစ်အိမ်တန်းကျေးရွာတွင် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေ (၁,၅၀၀,၀၀ဝိ/−)အား လမ်းဖြစ် မြောက်ရေး ကော်မတီထံသို့လည်းကောင်း၊ (အထက−သပြေကုန်း)ကျောင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိပြီး ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပြသပေးခဲ့သည့် ဆရာ/ဆရာမ များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဂုဏ်ပြုဆုငွေ (၅၀၀,၀၀ဝိ/−) အား ကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ပေးအပ်လှူဒါန်း ခဲ့ကြပြီး ကော်မတီအသီးသီးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ဒေသခံ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
ဝင်းဗိုလ် (မြန်အောင်)