Skip to main content

မွန်ပြည်နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တတိယအကြိမ် ထောက်ပံ့မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၅


မွန်ပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်) ထောက်ပံ့မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က အဖွင့်အမှာ စကားပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော် က ငွေကြေးထောက်ပံ့မည့် အစီအစဉ်များ ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး မွန်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀ဝိ/-)နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံ ဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် (တတိယအကြိမ်) ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့်အိမ်ထောင်စု(၁၁၄၂၇၁)အတွက် ငွေကျပ် (၂၂၈၅၄၂၀၀၀၀) ကို ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)