Skip to main content

တန့်ယန်းမြို့ အောင်တော်မှုစေတီဘုရားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

တန့်ယန်း  စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈)နာရီခွဲ က တန့်ယန်းမြို့ရှိ အောင်တော်မူစေတီဘုရားအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး စေတီတော်အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မူစေတီကျောင်းထိုင်ဆရာတော်ထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် အလှူတော်ငွေ ကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့်ဇနီး ဒေါ်ပိုးဖြူ Shining Myanmar Co;Ltd.မှ အလှူငွေကျပ် (၁၀)သိန်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန့်ယန်းမြို့နယ်ရှိ မန်ကတ် မြို့ဝင်မြို့ထွက်၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်နေကြသည့် ဌာနပေါင်းစုံဝန်ထမ်းများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)