ရန်ကုန်၊ စက်တင်ဘာ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့၌ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် အရာထမ်းလောင်း အခြေခံသင်တန်းကို Online မှ တစ်ဆင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) မှ စီမံခန့်ခွဲမှုနှင့် လေ့ကျင့်သင်ကြားရန် အမှတ်စဉ်(၁၁၆) မှ သင်တန်းသား၊ သင်တန်းသူ အယောက်(၁၀၀)၊ (အထက်မြန်မာပြည်) မှ သင်တန်းသား၊ သင်တန်းသူ အယောက် (၁၀၀) အား အောက်တိုဘာလ (၅)ရက်မှ အောက်တိုဘာလ (၂၈) ရက်နေ့ အထိ ရက်သတ္တပတ်(၄)ပတ်ကြာ Online မှ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
#MRTV