နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမှုထမ်း၊ အရာထမ်းများက နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်ရောက်နေသူများအတွက် ထမင်းဘူးနှင့် ရေသန့်များကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းကြောင်း သိရသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်း၊ အမှုထမ်း များက နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၁)နှင့် (၂)တို့တွင် Quarantine ဝင်ရောက်နေသူများအတွက် နေ့လယ်စာ ထမင်းဘူး ၅၅၀ နှင့် သောက်ရေ သန့်များကို လှူဒါန်း ပေးအပ်ရာ Quarantine Centre အုပ်ချုပ်သူအရာရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒေါက်တာ သီဟ သန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ခံ ဦးပြည့်စုံဦးတို့က လက်ခံရယူကြောင်း သိရသည်။
သတင်းစဉ်