နေပြည်တော် နိုဝင်ဘာ ၁၉
“စန်းမောင်မြင့် ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က ကြီးမှူး ပြုလုပ်မည့် (၂၈)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး ဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်)၌ ၂၀၂၀ နိုဝင်ဘာလ (၂၇ /၂၈ / ၃၀) ရက်နေ့များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီထိ COVID-19 စည်းမျဉ်းများနှင့်အညီ စနစ်တကျပြုလုပ်မည် ဖြစ်ပါသဖြင့် မည်သူမဆို ကြွရောက်သွေးလှူဒါန်းနိုင်ပါကြောင်းနှင့် သွေးလှူ ရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင် “စန်းမောင်မြင့် သွေးဖောင်ဒေးရှင်း” မှ အမှတ်တရ လက်ဆောင်များ (ထီးကြီး၊ ခရီးဆောင်လက်ဆွဲအိတ်၊ 100% Cotton Sport Shirt ၊ အခုရေ ၅ဝ ပါ နှာခေါင်းစည်း တစ်ဘူး၊ လက်သန့်ဆေးရည် နှစ်ဘူး၊ Taxi ကားခ ၅၀၀၀) တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့်သူများအနေဖြင့် “စန်းမောင်မြင့် သွေးဖောင်ဒေးရှင်း” 09 449 253 767, 09 69 51 355 15 ဖုန်းနံပါတ်များသို့ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်း ရရှိသည်။
သတင်းစဉ်