နေပြည်တော် နိုဝင်ဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိ သည်။
နိုဝင်ဘာလ ၂၁ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ် တွင် စေတနာထားပြီးဆေးကုသပေးသော မောင်ဝဏ္ဏနှင့် မနာလိုစိတ် ကြီးမားပြီး လောဘကြီးလွန်းသော မောင်အဂ္ဂတို့အကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းမင်းကောင်းကို ၏ “စေတနာနေရာ” မျက်နှာဖုံး ကာတွန်း၊ အိမ်မွေးတိရစ္ဆာန် အမျိုး အစားထဲတွင် ပါဝင်သည့် ကြောင် လေးများသည် အဘယ်ကြောင့် အသံသဲ့သဲ့ဖြင့် အော်မြည်တတ်ကြ သလဲဆိုသည်ကို ရေးဖွဲ့ထားသည့် “ချစ်စရာကောင်းတဲ့ ကြောင်ကလေး တွေရဲ့ အော်မြည်သံအကြောင်း” သုတဆောင်းပါးနှင့် အခြေအနေတစ်ခုသည် တစ်ဦးအတွက် ကောင်း မွန်သော်လည်း အခြားတစ်ဦးအတွက် မူဆိုးရွားစေတတ်သည့် အကြောင်းအရာ ဖြစ်စေနိုင်ကြောင်းကို ရေးသားထားသော “မြည်းနှင့် ဖား” ဘာသာ ပြန်ပုံပြင်၊ စာပေဗိမာန်မှ ထုတ်ဝေခဲ့သော ဖိုးကျော်ဆိုသည့် ကလေးဇာတ် လိုက်လေးအကြောင်းကို ရေးသားထားသည့် ဆရာဂယက်နီ၏ “ဖိုးကျော်” စာအုပ်အား မိတ်ဆက် ပေးထားသော “ရွှေသွေးတို့စာဖတ်စို့”ကဏ္ဍ၊ မြန်မာမိန်းကလေးဖြစ်သော်လည်း ဗိုလ်ဆန်သော နွေးနွေးသည် သူငယ်ချင်းဖိုးဂျင်၏ စကားကြောင့် အမြင်မှန်ရရှိသွားပြီး မြန်မာဆန်ဆန်ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အမြင်မှန်ရသွားသော နွေးနွေး” နှစ် မျက်နှာကာတွန်း၊ စဉ်းစားမြော်မြင် ဉာဏ်ရှိသောကြောင့် ချမ်းသာသွားသည့် ငါးခြောက်သည်များနှင့် စဉ်း စားမြော်မြင်ဉာဏ်မရှိသောကြောင့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော ငါးခြောက်သည်ကြီးတို့ အကြောင်း ကို ပညာပေးရေးဖွဲ့ထားသည့် “ငါးခြောက်သည် နှစ်ဦး”ကလေးဝတ္ထု၊ ကလေးတို့ ရေးဆွဲထားသော ကာတွန်းများကို ဖော်ပြပေးထား သည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ အပါအဝင် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဗျာကဏ္ဍစုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများပါရှိကြောင်း သိရသည်။
သတင်းစဉ်