Skip to main content

Nov 23, 2020

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားကို Virtual Event စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ ငွေကျပ်သိန်း ၁၃၄၃၀ နှင့် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံး ပေးအပ်လှူဒါန်း ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ရှိ Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာစာမူများ ရေးသားပေးပို့နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖိတ်ခေါ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ကဗျာ ပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

မျက်မှောက်ကာလတွင် လူမှုဘဝနယ်ပယ်၌ စီးပွားရေး၊ လူမှုရေး စသည့် အရေးကိစ္စအမျိုးမျိုးတို့ဖြင့် နိစ္စဓူဝ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်ကြသည် မှန်သော်လည်း မိမိတို့၏ရင်သွေး၊ မိမိတို့၏ကလေးသူငယ်များကို မေ့လျော့ပစ်ပယ်ထားခြင်း အလျင်းမပြုမိစေဘဲသတိပြုစောင့်ရှောက်ပေးသင့် ပေသည်။ ကလေးသူငယ်ဆိုသည်မှာ အသိမကြွယ်အားငယ်သောအရွယ်ဖြစ်၍ မဖြစ်သင့်မဖြစ်ထိုက်သော အမှုကိစ္စများမဖြစ်ရလေအောင် ဂရုစိုက် စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ရွေးကောက်ပွဲပြီးဆုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်များ ကြေညာပြီးသည့်နောက် ပြည်သူလူထုသည် ပြည်သူ့အစိုးရအဖွဲ့သစ်နှင့် နောက်ငါးနှစ်အတွက် အခြေခံမူဝါဒ လုပ်ငန်းစဉ်များကို မျှော်လင့်နေကြချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဦးထိုက်ဇော် လုပ်ကြံခံရသည်ဟု သိရသည်။ ဦးထိုက်ဇော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မှ မဲအနိုင်ရကာ ရွေးချယ်ခံရသူ ဖြစ်ပါသည်။ သူ၏နေအိမ်ရှေ့တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်း ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်၊ ပန်းတနော် မြို့သို့ ယနေ့ နံနက် ၉ နာရီအချိန်ရောက်ရှိကာ မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်