Jun 18, 2022
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြသည်။
Jun 18, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ် (၅၀၆) ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊ ရေသန့်၊ လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအတွက် ဘဏ္ဍာငွေရရှိမှု၊ အိမ်ရာ စီမံကိန်းရေရရှိရေး၊ လျှပ်စစ်ရရှိရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Jun 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအနီး၌ ကျင်းပသည်။
Jun 18, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် နိုင်ငံပေါင်း (၃၀) ကျော်မှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လည်ပတ် သွားလာနေကြပြီဖြစ်သည်။
Jun 18, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jun 18, 2022
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ် အာဟာရသုခဈေးရှိ ညောင်ပင်ကွင်း ပျံကျဈေးနေရာတွင် Steel Structure (၂၃၂'x ၁၆၀') နှင့် (၁၆၀'x ၈၆',၇၀') အဆောက်အအုံနှစ်လုံး ဆောက်လုပ်သည့်နေရာကို သွားရောက်ကြည့်ရှုသည်။
Jun 18, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်းတွင် အခြေပြုဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း အခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားသည်။
Jun 18, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ်(၅၅)၌ ကျင်းပသည်။
Jun 18, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်များနှင့်အညီ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် အမှာစကားပြောကြားသည်။