နေပြည်တော် ဇွန် ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်းတွင် အခြေပြုဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း အခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားသည်။
စစ်ဆေးလျက်ရှိ
အဆိုပါအခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ဒေသများမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၄၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၃၃ ဦး၊ ပေါင်းဝန်ထမ်း ၇၅ ဦးဖြင့် မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံမြို့နယ်များ၏ မဲစာရင်းအခြေခံလူဦးရေစာရင်းများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏလူငယ် လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းအခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားသည်။
အဆိုပါအခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို ပြည်ထောင်စုနယ်မြေမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၆၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၅၁ ဦး၊ ပေါင်းဝန်ထမ်း ၁၁၁ ဦးဖြင့် အခြေပြုဆောင်ရွက်လျက်ရှိကြောင်းနှင့်လက်ရှိ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များ၏ မဲစာရင်းအခြေခံလူဦးရေစာရင်းများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်