Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်များနှင့်အညီ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအတွက် ဦးစီးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း။

အခမ်းအနားဖြစ်မြောက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နာယက၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်ဦးစီးကော်မတီနှင့် ဒုတိယဝန်ကြီးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သောလုပ်ငန်းကော်မတီများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဦးစီးကော်မတီကလိုအပ်သော ဆပ်ကော်မတီ ၁၁ ခုကို ထပ်ဆင့်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း။

လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက်များထုတ်ပြန်၍ ဆောင်ရွက်သွားရန်၊ ဆပ်ကော်မတီများကလည်း ပူးပေါင်းလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အသေးစိတ်အခြေအနေများကို ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို Power point ဖြင့် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်