Jul 27, 2022
ကသာခရိုင်တွင် ၂၀၂၂-ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၁၇၃၆၀၈) ဧကရှိပြီး ဇူလိုင်လ (၁၄) ရက်နေ့ထိ မြေပြင်စိုက်ပျိုးပြီးစီးမှု (၂၇၃၁၀)ဧကရှိသည့်အတွက် ခရိုင်လျာထားချက်အပေါ် (၁၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးကြောင်းနှင့် ယခင်နှစ်ကာလတူတွင် (၇)ရာခိုင်နှုန်းကျော် ရှိသည့် အတွက်ယခုနှစ် ကာလတူအချိန်တွင် (၆)ရာခိုင်နှုန်းကျော်ထိ ပိုမိုစိုက်ပျိုးပြီးစီးကြောင်း သိရပါသည်။
Jul 27, 2022
စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူ အတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။
Jul 27, 2022
မိုးဦးကျကာလ ဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုတာနဲ့ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေတဲ့ Araceae (ခေါ်) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ဝဥ”ပင်များကို စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ “ဝဥ”အပင်များကို အပူပိုင်းဒေသများနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းမှုရှိသော အပင်တစ်မျိုးဖြစ်တယ်။
Jul 27, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် စည်ပင်သာယာဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးနှင့် အခွန်လွတ်ဈေးဟူ၍ ဈေး(၄)ခုရှိပြီး ဈေးတိုင်းတွင် မိုးဦးကျကာလဖြစ်ပြီး မျှစ်ပေါ်ချိန်ဖြစ်၍ ရာသီပေါ်မျှစ်များ ရောင်းချလျက်ရှိပါသည်။ ရွှေဘိုမြို့ စည်ပင်သာယာ ဈေးကြီးအတွင်းတွင် မျှစ်မျိုးစုံ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်ကြီး (၅)ဆိုင်ရှိပြီး လက်လီရောင်းချသည့်ဆိုင်များစွာ ရှိပါသည်။ မျှစ်ရောင်းချရာတွင် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို အဖူးလိုက်သော်လည်းကောင်း၊ စိတ်၍သော်လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ရန် အမျိုးမျိုးပြုလုပ်၍ ရောင်းချကြပါသည်။
Jul 27, 2022
တမူးမြို့မှထွက်ရှိသည့် တမူးမျှစ်ပေါင်းသည် လူကြိုက်များပြီး ခရီးသွားပြည်သူများ ဝယ် ယူ စားသုံးလျက်ရှိပြီး နာမည်အလွန်ရသော ရာသီစာ မျှစ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ ကုန်ကြမ်း အနေဖြင့် အိန္ဒိယနိုင်ငံ၊ မွလ်ဆန်ရွာမှထွက်ရှိသော ဝါးပါးမျှစ်ကို ဝယ်ယူရပါသည်။ မျှစ်စိမ်းတစ် ချောင်းဝယ်ယူဈေးအနေဖြင့် တစ်ချောင်းလျင် (၂၀၀)ကျပ်ဖြင့် ဝယ်ယူရပါသည်။
Jul 27, 2022
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂) သင်တန်း တက်ရောက်ခွင့် ရရှိသူများစာရင်းထုတ်ပြန်ခြင်း
Jul 27, 2022
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်၀န်းအတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၇၀ သန်း တည်ဆောက်ပြင်ဆင်ကာလ (၁)နှစ်၊ အတည်ပြုအမိန့် သက်တမ်းအနှစ် (၃၀)ဖြင့် ပြည်ပနိုင်ငံသားများမှ လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော Shuang Xi (Pathein) Garment Co.,Ltdမှ CMP အထည်ချုပ်လုပ်ငန်း စတင်စမ်းသပ် လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
Jul 27, 2022
ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ တောင်သူများစိုက်ပျိုးချိန် အခက်အခဲမရှိစိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သောစိုက်ပျိုးစရိတ် သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျှက် ရှိရာ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
Jul 27, 2022
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်သည် သစ်တောဖုံးလွမ်းမှုကြီးမားပြီး မိုးရွာသွန်းမှုများသောကြောင့် အမြဲစိမ်းသစ်တောကြီးများဖြင့် စိမ်းစိုလျှက်ရှိပြီး ရေ၊ မြေ ရာသီဥတုမျှတ ကောင်းမွန်သောဒေသဖြစ်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ ကချင်၊ မြန်မာလူမျိုးများ ပေါင်းစည်းနေ ထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ဆည်မြောင်း၊ တာတမံကြီးများမရှိသော်လည်း သဘာဝပေးသောမိုးရေဖြင့် လယ်ယာမြေများ စိုက်ပျိုးအောင်မြင်ကြပြီးဒေသတွင်း ဆန်စပါးဖူလုံသည့်အပြင် ပိုလျှံသောဒေသဖြစ်သည်။